အဖွဲ့အစည်းအကြောင်း။
စီးပွားရေးလုပ်ငန်းရှင်များ၊ ကျားမတန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှုအသင်း The Business Coalition for Gender Equality (BCGE) သည်စီးပွားရေးကဏ္ဍ၏ ဦးဆောင်ကုမ္ပဏီများဖြင့်စုပေါင်းဖွဲ့စည်းထားသော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီးမြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းခွင်နေရာများတွင် ကျား၊မတန်းတူညီမှုရရှိရေးအတွက် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းဖြစ်သည်။
ကျွန်ုပ်တို့၏အသင်းကို မြန်မာနိုင်ငံရှိထိပ်တန်းစီးပွားရေးလုပ်ငန်း (၇) ခု (City Mart Holding Limited (CMHL), KBZ Bank, KBZ MS, AYA Bank, FMI, Parami Energy Group of Companies, and Shwe Taung Group) မှ ဦး ဆောင်တည်ထောင်ထားသည်။ထို ထိပ်တန်းစီးပွားရေးလုပ်ငန်း ၇ ခုလုံးက လုပ်ငန်းခွင်ကျား၊ မတန်းတူညီမျှမှုဆိုင်ရာအစပျိုးမှုများမှတစ်ဆင့်စီးပွားရေးအဖွဲ့အစည်းကြီးထွားမှုနှင့်ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေးရည်မှန်းချက်များအောင်မြင်စေရန် ကတိကဝတ်ပြုထားကြသည်။
BCGE သည်လုပ်ငန်းခွင်၌ကျား၊ မရေးရာတန်းတူညီမျှမှုအလေ့အကျင့်ကိုစတင်ရန် စီးပွားရေးကုမ္ပဏီများနှင့်အဖွဲ့အစည်းများအားလုံးကို တိုက်တွန်းကာ ကျား၊မ တန်းတူညီမျှရေးတွင်အဓိက အဖွဲ့အစည်းအဖြစ်ထောက်ပံ့ပေးနေသည်။